အောက်တိုဘာလ ၁ ရက်နေ့ က 2020-2021 Champion League အုပ်စုများကို မဲခွဲခဲ့ပါတယ်။ စုစုပေါင်း အုပ်စု ၈ ခု ရှိပြီး ပထမနေရာနဲ့ ဒုတိယနေရာကို ရတဲ့ အသင်းတွေက နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ေပမယ့် တတိယအသင်းကတော့ ယူရိုပါလိဂ် ကိုဆင်းကစားရမှာပါ။နောက်ဆုံးတစ်သင်းကတော့ ချန်ပီယံလိဂ်ကနေ နှုတ်ဆက်ထွက်ခွါရမှာဘဲဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေကိုလာမယ့် October 20ကစပြီးယှဉ်ပြိုင်သွားမှာပါ။ ဒါ့ကြောင့် ဘယ်အသင်းတွေက နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်မလဲဆိုဝာာစိတ်၀င်စားစရာပါ။
အုပ်စု A
ဘိုင်ယန်မြူးနစ်
အက်သလက်တီကို
ဆဲလ်ဘတ်
လိုကိုမိုးတစ်
လက်ရှိချန်ပီယံ ဘိုင်ယန် အတွက် မခက်ခဲတဲ့ အုပ်စုပါ။ အဓိက ပြိုင်ဘက်အနေနဲ့ အက်သလက်တီကို ရှိနေမှာဖြစ်ပြီး ဖျက်မြင်းအသင်း ဆဲလ်ဘတ်နဲ့ လိုကိုမိုးတစ် တို့ရဲ့ ယူရိုပါလိဂ်တစ်နေရာစာ လုမယ့်တိုက်ပွဲကိုလည်းမြင်တွေ့ရမှာပါ။ ပထမနေရာကို တော့ ဘိုင်ယန်နဲ့ တီကို တို့ အပြိုင်လုရမယ့် အနေအထားပါ။
အုပ်စု B
ရီးရဲ မက ်ဒရစ်
ရှက်တာဒိုးနက်
အင်တာမီလန်
မိုချင်ဂလာဘတ်
မနှစ်က 16 အသင်းအဆင့်တည်းက ထွက်ခဲ့ရတဲ့ ရီးရဲ ဟာ ဒီနှစ်လည်း ဘယ်လောက်အထိ သွားနိုင်မလဲ စောင့်ကြည့်ရမှာပါ။ဒါ့အပြင် ကွန်တီ ရဲ့ အင်တာမီလန်ဟာလည်း မနှစ်က ယူရိုပါလိဂ် ဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာမို့ ရီးရဲ နဲ့ အတူ ပထမနေရာကို အပြိုင်လုရတော့မှာပါ။ရှက်တာဒိုးနက်နဲ့ မိုချင်ဂလာဘတ် ကလည်း မထင်မှတ်ထားတာတွေ လုပ်ပြနိုင်မလားစောင့်ကြည့်ရမှာပါ။
အုပ်စု C
လီဗာပူး
အေဂျက်
အတလန်တာ
မစ်ဂျေးလန်း
ဒီအုပ်စုက ပြိုင်ဆိုင်မှုပြင်းထန်မယ့် အနေအထားပါ။ လီဗာပူး အတွက် ပထမနေရာ အတွက် သေချာမှုမရှိဘဲ အေဂျက် အတလန်တာ လို အသင်းတွေကလည်း အသင်းလိုက်စုစည်းမှုအားကောင်းပါတယ်။ အတလန်တာ ဟာ မနှစ်က ကွာတားဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်ခဲ့တာဖြစ်သလို အေဂျက်ဟာ လည်း လူငယ်ကစားသမားတွေ ရဲ့ စုဖွဲ့မှုနဲ့ အတူ အကောင်းဆုံးဖြစ်နေပါတယ်။ဒါ့ကြောင့် လီဗာပူး၊အေဂျက်၊အတလန်တာ တို့ဟာ နောက်တစ်ဆင့်တက်ရဖို့ အတွက် ရေကုန်ရေခမ်း ပြိုင်ဆိုင်ရမှာဖြစ်ပြီး မစ်ဂျေးလန်းကတော့ ထွက်ခွါရဖွယ်ရှိပါတယ်။
အုပ်စု D
ဆီဗီလာ
ချယ်ဆီး
ခရန်စနိုဒါ
ရန်းနစ်
မနှစ်က ယူရိုပါလိဂ် ဖလားပိုင်ရှင် ဆီဗီလာနဲ့ ဒီရာသီ အကောင်းဆုံး ဖြည့်တင်းမှုတွေလုပ်ထားတဲ့ ချယ်ဆီးတို့ရဲ့ ပထမနေရာလုပွဲကို မြင်တွေ့ရဖွယ်ရှိပါတယ် ။ ရင်းနစ်နဲ့ ခရန်စနိုဒါတို့ကတော့ ယူရိုပါလိဂ် တစ်နေရာအတွက် အပြိုင်လုရဖို့ရှိပါတယ်။နောက်တစ်ဆင့်ကို ပထမနေရာ ကနေ တက်ရောက်သွားမယ့်အသင်းက ချယ်ဆီး လား ဆီဗီလာ လားဆိုတာ ကတော့ ပရိတ်သက် တွေရင်ခုန်ရဦးမှာပါ။